Wednesday, December 10, 2014
CDMA 800 Mhz Coolpad 5109 1x တက်ပြီး ဖုန်းခေါ်မရတာ လိုင်းပျောက်တာကို Hardware ပိုင်းနဲ့ ဖြေရှင်းမယ့်နည်းလမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ ။
အခုနောက်ပိုင်း 5109 တော်တော်များများ ဖြစ်တတ်ပါတယ်....အဲဒါကို Network ic ဖြစ်တဲ့ PA 6340 နံပါတ်နဲ့အစားထိုးလိုက်ရင်အဆင်ပြေပါတယ်ခင်ဗျာ။
သူ့ original pa no. က 5405 ပါ ဒါပေမယ့် 6340PA က CDMA Handset တော်တော်များများနဲ့ အစဉ်ပြေပါတယ်. ကျွန်တော်လဲပြီး အသုံးပြုတာ
5109 သုံးလုံးရှိသွားပါပြီ...ဘာ Error မှ မရှိပါဘူး အစဉ်ပြေပါတယ်. PA လဲတာ Service သမားတော်တော်များ လုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်..Airgun ကို အပူချိန် 300 လောက်နဲ့
ပေးပြီး ဖြုတ်တက်လိုက်ရင် အစဉ်ပြေပါတယ်. ကျွန်တော် ဓာတ်ပုံလေးနဲ့ တကွ တင်ပေးလိုက်ပါတယ်. 6340 PA က ယုဇနာပလာဇာ နေက်ကျောက Master ဆိုတဲ့ ဆိုင်မှာရပါတယ်ခင်ဗျာ..
တစ်လုံးကို 3000 ကျပ်ပဲရှိပါတယ်.
(မှတ်ချက်- သိပြီးသား ဆရာသမားများအတွက် မရည်ရွယ်ပါခင်ဗျာ..... ဒီ Forum အတွင်းမှာ ရှိတဲ့ မသိသေးတဲ့အစ်ကို အစ်မများအတွက်ရည်ရွယ်ပါတယ်.
ကျွန်တော်လည်း တက်လို့မဟုတ်ပါ...ကိုယ်သိတာလေးကို မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ...)
အားလုံးအစဉ်ပြေကြပါစေ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment