Friday, December 26, 2014

Viber ဖြင့် ခြိမ်းခြောက် နှောက်ယှက် မှုကို တိုင်ကြား နိုင်ပါပြီ.....။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃။   ။တိုင်ကြား မှုများသည့် ဖုန်းနံပါတ်ကို အသုံး ပြုခွင့် ပိတ်ပင် သွားမည် Viber အသုံးပြုသူ အချင်းချင်း Viber စနစ်ကို အသုံးပြု၍ ခြိမ်းခြောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ရုန့်ရင်းကြမ်း တမ်းစကားဆိုခြင်းနှင့် ဓာတ်ပုံပေး ပို့ခြင်းများဖြင့် နှောင့်ယှက် မှုများပြု လုပ်လာပါက အဆိုပါ Viber အကောင့် နံပါတ်၊ အချက် အလက်များကို Gmail ဖြင့် ပေးပို့ကာ တိုင်ကြားနိုင်သည်ဟု Viber ကုမ္ပဏီထံမှ သိရသည်။

ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း များပြုလုပ်သည့် Viber အကောင့်နံပါတ်နှင့် အချက် အလက် အပြည့်အစုံ ကို  support@viber.com သို့ gmail ဖြင့်ပေး ပို့ကာ တိုင်ကြား နိုင်မည် ဖြစ်သည်။ တိုင်ကြား ခံရမှု များပြား သည့် အကောင့် နံပါတ် ကိုလည်း ရှေ့ဆက် အသုံးပြုနိုင်ခြင်း မရှိစေရန် ပိတ်ပင် သွားမည်ဟု ဆိုသည်။

Viber မှ ပြန်ကြားရေးတာဝန်ခံ မ၀တ်ရည်အောင်က“ဖုန်းနံပါတ် တစ်ခုတည်းကိုပဲ လူအများအပြားက တိုင် တန်းမှုတွေ ရှိလာရင် အဲဒီဖုန်းနံပါတ်နဲ့ Viber ကို ကာလရှည်ကြာ အသုံးပြုလို့ မရနိုင်အောင် Block ပြုလုပ် သွားမှာပါ” ဟု ဆိုသည်။

အချို့သော Viber အသုံးပြုသူများသည် အကောင့်များစွာဖြင့် အုပ်စုဖွဲ့ထားသည့် Viber Group များတွင် ဆဲဆိုခြင်းများ၊ ညစ်ညမ်းသည့်ပုံများ ပေးပို့နေကြပြီး အဆိုပါ အုပ်စုသို့ မိမိကိုယ်တိုင် ၀င်ရောက်ခြင်း မရှိဘဲ အခြားသူတစ်ဦးဦးက ထည့်သွင်းနိုင်သောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု Viber အသုံးပြု သူ အများစုက ပြောသည်။

Viber အသုံးပြုသူ တစ်ဦးဖြစ်သူ မထက်ထက်က “ဖုန်းနံပါတ်မသိတဲ့ Viber အကောင့်တွေနဲ့ ညစ်ညမ်းပုံ တွေ လာပို့တာ၊ လာပြီးဆဲဆိုနေတာ ကြုံဖူး တယ်။တစ် ခါတစ်လေ ဘယ်က လူတွေမှန်း မသိတဲ့ အုပ်စုဖွဲ့ ညစ်ညမ်း ပုံတွေ ပို့လာတာ၊ ဆဲဆို နေကြ တာတွေ လာပို့ပေး တာလည်း ကြုံဖူးတယ်။ အဲဒီ အုပ်စု ထဲကထွက် လိုက်လည်း ဘယ်လိုပြန်ပြန်ရောက်သွားမှန်း မသိဘူး။ ခုအဲလိုလုပ်တဲ့သူတွေကို တိုင်ကြားလို့ရ တော့ အဆင်ပြေတာပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် Viber အကောင့် အသုံးပြုသူ ငါးသန်းကျော် အထိ ရှိနေသည်ဟု Viber ကုမ္ပဏီ၏ စာရင်း အရ သိရသည်။ အလားတူ ကမာရွတ်မြို့ နယ်ရှိ Viber အသုံးပြုသူ ကိုဇော်မင်းအေးကလည်း “Viber အုပ် စုဖွဲ့ပြီး အဲဒီ Group ထဲမှာ ဆဲဆိုနေကြတာတွေ တွေ့ဖူးတယ်။ ဘယ်သူက ကိုယ့်ကို အဲဒီဂရု ထဲထည့် မှန်း မသိတဲ့ အတွက် ဘယ်သူ့ကို အပြစ်ပြောလို့ ပြောရမှန်း မသိဘူး။ ကိုယ့်ကို ဂရု(ပ်)ထဲထည့်တဲ့ သူမျိုး ကိုပါသိ နိုင်အောင် လုပ်ပေးထား ရင်အသုံးပြု ရတာ ပိုကောင်း လိမ့်မယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

Viber သုံးစွဲသူများ ဆော့ကစားနိုင်မည့် ဂိမ်းကိုလည်း ၂၀၁၅ ဇန်န၀ါရီလ အတွင်း စတင် ၀န်ဆောင်မှု ပေးသွား မည်ဖြစ်ပြီး အဆို ပါဂိမ်းကို မြန်မာ အပါအ၀င် ကမ္ဘာတစ် ၀န်းလုံးရှိ Viber အသုံးပြုသူများ ဆော့ကစား နိုင်မည် ဖြစ်သည်။ ဂိမ်းဆော့ ကစားရာ တွင်လည်း Viber အသုံးပြုသူ အချင်းချင်း အတူတကွ ကစားနိုင် မည့်ဂိမ်းများ ကိုလည်း မိတ်ဆက်ပေး သွားမည် ဖြစ်သည်။

Email - Haniplast.tulay@gmail.com
Facebook - www.facebook.com/yelinnnaing.1995
                
Credit : မဇ္ဈိမ

No comments:

Post a Comment